6/30/2552

တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုတပ်ဖွဲ့နှင့် မြန်မာစစ်အစိုးရတပ်ဖွဲ့တိုက်ပွဲဖြစ်ပွားခြင်း

ဇွန်လ ၂၄ ရက်၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်းတွင် မြန်မာစစ်အစိုးတပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်း စုတပ်ဖွဲ့ တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှအရာရှိတယောက်သေဆုံးပြီးရဲဘော်သုံးယောက်ဒဏ်ရာရသည်ဟု ပအိုဝ်းအမျိုး သားလွတ်မြောက်ရေး တပ်မတော်မှ ဒု-ဗိုလ်မှူးကြီးအောင်ဒင်က ပအိုဝ်းရောင်းကိုပြောပြပါသည်။
မြန်မာစစ်အစိုးရတပ်မှ ဖယ်ခုံအခြေစိုက် ခမရ ၄၁၂ တပ်ရင်းမှတပ်ရင်းမှူးကျော်မင်း ဦးဆောင်သည့်အဖွဲ့သည် မောက်မယ်မြို့နယ် အတွင်းရှိကျေးရွာမှရွာသူကြီးအား ဖမ်းဆီးပြီး လက်နက်ကိုင်အဖွဲ့များရှိရာသို့ လမ်းပြပေးရန်ခေါ်ဆောင်သွားစဉ် ယမန်နေ့ကတိုက် ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ဒု-ဗိုလ်မှူးကြီးအောင်ဒင် က ယခုလိုပြောပါသည်။
“မနက် (၇) နာရီခွဲဗျ။ တိုက်ပွဲအခြေအနေကတော့ ကျနော်တို့ကနေ အရင်ပစ်ရတာပဲ။ သူတို့ စခမ်း ထဲကို ၀င်လာတယ်။ ရွာသားကို ကြိုးနဲ့ချည်ပြီးတော့လေ။ အဲဒါ ကျနော်တို့ကလည်းပဲ စခန်းဘေး ကနေ ပြောင်းမယ်ဆိုပြီးတော့ ရွေ့ခိုင်းတဲ့အချိန်မှာ သွားပြီး ဒဲ့တိုးကြတာပေါ့။ ဒဲ့တိုးတဲ့ အချိန်မှာအဲမှာ ပစ်ကြတယ်လေ။ အဲမှာ နအဖဘက်က တပ်ခွဲမှူးဥာဏ်လင်းဆိုတဲ့အရာရှိတယောက်နဲ့ သူ့ရဲ့တပ်သာား ဟဲဗီး ဆိုတဲ့ တယောက်ကျတယ်လေ။ ဒဏ်ရာရတာက တယောက်ပေါ့။”
တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု တပ်ဖွဲ့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ၀အမျိုးသားတပ်မတော်၊ မြန် မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ပါဝင်သည်။ ယင်း တိုက်ပွဲတွင် တပ်ပေါင်းစုအဖွဲ့မှ ထိခိုက်ကျဆုံးမှု မရှိဟုဆိုသည်။
ရှမ်း-ကရင်နီ နယ်စပ် မောက်မယ်မြို့ ဒေါတခရောကျေးရွာရှိ ရွာသူကြီး အပါအ၀င် ကျေးရွာသား ၁၀ ဦးကို ယမန် နေ့မနက် ၃ နာရီတွင် မြန်မာစစ်အစိုးရတပ်က ဖမ်းဆီးသွားသည်ဟု အဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ရွာသူကြီး ဦးဒီးလယ်က ပြောသည်။
“ကျနော်တို့ကိုလာဝိုင်းတာက မနက်ပိုင်း ၃ နာရီလောက်ကပါ။ ကျနော်တို့ ၁၀ယောက် အဖမ်းခံရပါတယ်။ အဲမှာ ကျနော့်ကို စစ်ဆေးတာ ဓားမြှောင်နဲ့ လှီးတာ သုံးခါ။ ရိုက်တာက ခြောက်ချက်။ ကျနော့်တယောက်ထဲကိုပဲ နာအောင်လုပ်တာ။ ဖမ်းတာကတော့ ၁၀ ယောက်။ ၉ ယောက်ကိုတော့ မနှိပ်စက်သေးဘူး။ ရွာမှာဘယ်လိုဆက်ဖြစ်လဲတော့ မသိရသေးဘူး။ ကျနော့်ကို စခမ်းနားကို ခေါ်သွားတာ။”
၎င်းကို ကြိုးဖြင့်ချည်ပြီး ခေါ်သွားချိန်တွင် တပ်ပေါင်းစုအဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ရာမှ တပ်ပေါင်းစုထံ ထွက်ပြေး ရောက်ရှိလာခြင်းဖြစ်သည်ဟု ပြောသည်။

----->>>> အပြည့်အစုံသို့......

6/09/2552

ပအိုဝ်းကျေးရွာလူထုများကို နအဖစစ်တပ်မှ ဖြတ်လေးဖြတ်ပြုလုပ်နေ

၇- ၆- ၂၀၀၉ ရက်နေ့တွင် ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၃ တပ်ရင်းမှ တပ်ရင်းမှူးဇော်နိုင် ဦးစီး သောစစ်ကြောင်း(၁)၊ ဒု-တပ်ရင်းမှူးဝေလင်းအောင် ဦးစီးသောစစ်ကြောင်း(၂)၊ ခမရ ၄၂၄ တပ်ရင်းမှ တပ်ရင်း မှူးချစ်သန်း ဦးစီးသောစစ်ကြောင်း(၁)၊ ဒု-တပ်ရင်းမှူးသန်းကျော် ဦးစီးသောစစ်ကြောင်း(၂) သည် ဆီဆိုင်မြို့နယ် လွယ်ဆောင်(တောင်)ရွာ၊ ထီနဲ့ရွာ ပန်တခွါးရွာရှိကျေးရွာသူ/သားများနှင့် မောက်မယ်မြို့နယ် ဗန်းမတ်အုပ်စု ပန်သခွါးရွာရှိ ရွာသူ/သားများကို အတင်းအဓမ္မမောင်းထုတ်နေကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပအိုဝ်းရောင်း ကို ယခုလိုပြောပြပါသည်။
ဗမာစစ်သားတွေက ကျနော်တို့ရွာတွေကို ဒီမှာမနေရဘူး ဒီမှာဆက်နေရင် မင်းတို့ရွာတွေကိုမီးရှို့ပစ်မယ် တစ်ခြားနေရာမှာသွားနေလို့ ပြောပါတယ်ဗျာ ကျနော်တို့လည်း မပြောင်းချင်ဘူး ဒီမှာက တောင်ယာတွေ စိုက်သူကလည်းရှိတယ် ခုတ်ရှင်းနေသူတွေလည်းခုတ်နေပြီးပြီ တစ်ခြားနေရာမှာနေရင် ဘာလုပ်စားမှာလဲလို့ ပြောလည်းမရဘူး ရွာသူကြီးနှင့် ရွာကော်မတီများကိုဖမ်းတယ် ရိုက်တယ်လုပ်တော့ကျွန်တော်တို့လည်းပြောင်း လိုက်ရတယ်ခင်ဗျာ ဟုဆီဆိုင်မြို့သို့ပြောင်းနေသူ ကပြောပါသည်။
တစ်ခြားရွာတွေလည်းပြောင်းခိုင်းတယ်ခင်ဗျာ အများကြီးဘဲ တစ်ချို့ကတော့ သူ့ဆွေမျိုးတွေရှိတဲ့ ရွာ တွေမှာပြောင်းကြတယ် မပြောင်းလို့မရဘူး ခြံလည်းပေးမသွားဘူး ဈေးလည်းပေးမသွားဘူး ရွာအပြင်ဘက်ကို ထွက်ခွင့်မပေးဘူး ဖြတ်လေးဖြတ်လုပ်တယ်ပေါ့ဗျာ ရွာအပြင်ထွက်ဒါတွေ့ရင် ပစ်သတ်မယ်လို့ ဗမာစစ်တပ်တွေ ကပြောတယ် ဟု သူကဆက်ပြောပြပါသည်။
ယခုလို နအဖတပ်မှကျေးရွာနေလူထုများကို အတင်းအဓမ္မရွှေ့ပြောင်းခိုင်းနေသည့်အကြောင်းရင်းမှာ သူပုန်တွေခိုအောင်းနေသည့်အမာခံရွာတွေ ဟု စွပ်စွဲခြင်းဖြစ်ပြီး ထိုဒေသတွင် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ နှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) တို့လှုပ်ရှားနေကြောင်းသိရှိရပါသည်။

----->>>> အပြည့်အစုံသို့......

6/08/2552

ဗမာစစ်အစိုးရတပ်မှ ပအိုဝ်းဒေသရှိကျေးရွာလူထုများကို ပစ်သတ်

၂- ၆- ၂၀၀၉ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ဗန်းမတ်အုပ်စု၌ နအဖတပ်မှ ခမရ ၄၂၁ တပ်ရင်း ဒု-တပ်ရင်းမှူးရဲထွဋ် ဦးစီးသော အင်အား (၂၀) ကျော်ရှိစစ်ကြောင်းမှ ကျေးရွာအုပ်စုဥက္ကဌ အပါအဝင် လူ(၆) ယောက်ကိုပစ်သတ်ပြီး ရွာထဲရှိပစ္စည်းများကို လုယူသွားပါသည်။

ထိုအကြောင်းနှင့်ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ဇွဲထိုက ယခုလိုပြောပြပါသည် ဗန်းမတ်အုပ်စုမှ အုပ်စုဥက္ကဌ ဦးခွန်ရွှေဝင်း၊ ရွာဥက္ကဌဦးခွန်ကျဲ၊ ရွာကော်မတီ ဦးဘော်ရယ်၊ ထီတဖြေရွာမှ ဦးခွန်သန်း နှင့် ခရုံးချားရွာကော်မတီနှစ်ဦး (အမည်စုံစမ်းဆဲ)တို့ကို သူပုန်နှင့် အဆက်အသွယ်ရှိ တယ် သူပုန်တွေရဲ့အမာခံဟုစွပ်စွဲပြီးတော့ ၂- ၆- ၂၀၀၉ ရက်နေ့မှာ ခမရ ၄၂၁ မှ ဒု-တပ်ရင်းမှူးရဲထွဋ် ဦးစီးစစ် ကြောင်း(၂)က စစ်ဆေးမေးမြန်ရင်းနှင့် ပစ်သတ်သွားတယ်ဟု ပြောပါသည်။
အဆိုပါ ခမရ ၄၂၁ ဒု-တပ်ရင်းမှူးရဲထွဋ် ဦးစီးသောစစ်ကြောင်းသည် ရွာသားပစ္စည်းများ နှင့် ဆန် ၁၀ အိတ်ကျော်ကိုလည်းယူဆောင်သွားကြပြီး ဆန်များကို ဗန်းမတ်ရွာအနီးရှိ နားဟီးရွာတွင်သွားရောင်းခဲ့ကြသည်။ ထိုဒေသရှိရွာသားများကိုလည်း တောင်ယာလုပ်ကိုင်ခွင့်မပေး၊ ရွာပြင်မထွက်ရဟု အမိန့်ထုတ်ထားသည့် အတွက် ရွာသားများစားဝတ်နေရေးအခက်အခဲကြုံတွေ့ပါတယ် ဟု သူကဆက်ပြောပါသည်။

----->>>> အပြည့်အစုံသို့......

6/02/2552

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်နန္ဒားဟိန် အတ္ထုပ္ပတ္တိ

----->>>> အပြည့်အစုံသို့......

ဖြားဗွာ ဦးလှဖေ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်

----->>>> အပြည့်အစုံသို့......

ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ အကျဉ်းချုပ်

----->>>> အပြည့်အစုံသို့......

ကလေးအခွင့်အရေး

----->>>> အပြည့်အစုံသို့......

5/29/2552

မုံရွာမြို့ မဟာဇောတိကာရာမပါဠိတက္ကသိုလ်တိုက်ကြီး ဘဒ္ဒန္တမုနိန္ဒ ၏ ဒဿနစာစုများ

1. ပညာတတ်တွေ မွေးထုတ်ပေးရတာ စရိတ်အကုန်အကျသိပ်ကြီးတယ် ထင်ခဲ့လို့ရှိရင် ပညာမတတ် သူတွေကို မွေးထုတ်တဲ့နည်းစမ်းကြည့်ပါလား
• ခင်ဗျားလူးမျိုး
• ခင်ဗျားကျောင်း
• ခင်ဗျားဌာန
• ခင်ဗျားအဖွဲ့အစည်း
• ခင်ဗျားနိုင်ငံတော်
• ခင်ဗျားတပည့်
• ခင်ဗျားသားသမီး ဘယ်လောက်တိုးတက်ကြီးပွားလိမ့်မလဲ။ ။
2. အမှားအားလုံးမဝင်ရောက်စိမ့်သောငှာ တံခါးများကိုပိတ်ထားမည်ဆိုလျှင် အမှန်တွေက ဘယ်ကဝင် ရမှာလဲ- ကဲပြော-------
3. မင်းလူကြီးလူကောင်းဖြစ်ခဲ့ရင် လူငယ်တွေရဲ့ ထွက်ပေါက်တွေကို မပိတ်ဆို့ပါနှင့်၊ သူတို့အစွမ်းအစရှိ သလောက်လွတ်လွတ်လပ်လပ်လုပ်ပါစေ၊ မင်းက လူငယ်တွေလမ်းကြောင်းမတည့်ရင် တည့်အောင် လုပ်ပေးပါ၊ ဒီလူမျိုးမှ မတိုးတက်မကြီးပွားဘူးဆိုရင် ငါ့လည်ပင်း ဓားထက်ထက်နဲ့လာလှီးလှည့်----
4. မင်းဘဝ တိုးတက်ကြီးပွားအောင်လုပ်ပါ၊ ပြီးရင်လူသားအကျိုးသယ်ပိုးခဲ့ပါ---
5. လူသားအကျိုးပြု/ လူသားအကျိုးမပြုဆိုတဲ့ သမိုင်းကို မင်းကိုယ်တိုင်ရေးစရာမလိုဘူး၊ နောက်လူ များရေးကြလိမ့်မယ်----


6. ကိုယ်တိုင်ရေးတဲ့သမိုင်းဆိုဒါ စာအုပ်ထဲမှာရှိချင်ရှိမယ်၊ လူတွေရဲ့နုတ်ဖျားမှာတော့ရှိမယ်မထင်နှင့်----
7. လူတွေရေးတဲ့သမိုင်းကမှ တကယ့်သမိုင်းအစစ်အမှန်လို့ခေါ်တယ်၊ အဲဒီလိုသမိုင်းမျိုး ဖျောက်ဖျက် ပစ် ခဲ့ ရင် ဒီလူ လူညွန့်တုံးတတ်တယ်----
8. မျှော်လင့်ချက်တွေပေးပြီး တစ်ဖက်သားကို မလှည့်စားပါနှင့်---
9. ရင်တွင်းဖြစ်စကားတွေအမြဲကြားချင်တယ်ဗျာ-- နုတ်ဖျားမှာ သကာလူးပြီး၊ စိတ်ထဲက ခါးတမာ လို လူစားမျိုးဟာလူ့မလိုင်လို့ခေါ်တယ်---
10. အတွေ့အကြုံကိုရအောင်ကြိုးစားပါ၊ မရကဝယ်ယူပါ၊ ဘယ်သူတွေ ဘာတွေဘယ်လိုပြောပြော ကိုယ်တွေ့ဟာ အကောင်းဆုံးပဲ----
11. သင်ချစ်ဖူးသလား၊ စမ်းကြည့်ပါ၊ အဆင်ပြေက သင်ပျော်ရွှင်ရပါလိမ့်မယ်၊ အဆင်မပြေက သင်အဘိ ဓမ္မာဆရာကြီးဖြစ်သွားနိုင်ပါတယ်၊ ကျွန်တော်ကတော့ အဘိဓမ္မာဆရာကြီးပဲ---
12. စာသင်ခန်းက စာအုပ်ကြီးထဲကစာတွေကို စာသင်ခန်းထဲ စာအုပ်ကြီးထဲ လှောင်ပိတ်မထားပါနှင့်၊ သူတို့ခင်မျာ မွန်းကြပ်ကုန်မှာပေါ့၊ ထွက်ပေါက်ပေးလိုက်ပါ၊ အပြင်လောကနှင့်ထင်ဟပ်ကြည့်ပါ၊ လက် တွေ့ဘဝကြီးထဲကို ဆွဲခေါ်သွားပါ---
13. မင်းကြိုက်ဒါ မင်းလုပ်ပေမယ့် ခံစားခွင့်ကျတော့ မင်းကြိုက်ဒါ ရမယ်မထင်လေနှင့် မင်းလုပ်သ လောက်ဘဲရမယ် လုပ်တိုင်းလည်းရမှာမဟုတ်ဘူးနော် မင်းထိုက်သလောက်ဘဲသုံးရမှာ-
14. ကိုယ်စိတ်ဓာတ်နှင့် မတိုက်ဆိုင်လို့ အလကားလူပါဆိုရင် ကြေးမုံပြင်က ရောင်ပြန်ဟပ်တဲ့ ပုံရိပ် သွင်လိုနေမှာပေါ့--
15. မင်းပျက် ကျပ်ပျက်၊ မူးမတ်ပျက်၊ တိုင်းပြည်ကြီးပါပျက်၊ အဲဒါ ဒို့ခေတ်ကွဲ့--
16. ရိုးဖြောင့် သဘောမှန်၊ မညစ်ပြန်၊ လူမှန်သူရဲကောင်း---

ရေးသားပေးပို့သူ--- အရှင်ဉာဏိက(ဖြားဗွာခမ်း)
ခေတ္တ ---- မန္တလေ. တက္ကသိုလ်း

----->>>> အပြည့်အစုံသို့......

ရှည်လျားသော ထမ့်စန်း သဘာဝ လှိုဏ်ဂူ





မြန်မာ့ ထူးခြားအံ့ဖွယ် ဟိုပုံးမြို့အနီးက အလွန်ကြီးမား
ရှည်လျားသော ထမ့်စန်း သဘာဝ လှိုဏ်ဂူတော်ကြီးတွင်
သာသနာပိုင်း ဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများစတင်
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၏ အရှေ့ဘက်
ဟိုပုံးမြို အနီးတွင်ရှိသော ထမ့်စန်း သဘာဝလိုဏ်ဂူတော်ကြီးတွင်
ဗုဒ္ဓသာသနာ တိုးတက်ခိုင်မာ တည်တံ့ပြန့်ပွားရေး
အတွက် သာသနာပိုင်းဆိုင်ရာ တည်ဆောက်ရေး
လုပ်ငန်းများကို စတင်နေပြီဖြစ်သည်။
အဆိုပါ တည်ဆောက်ရေး လုပ်ငန်းများအား
ဟိုပုံး ကိုရင်လေး အရှင်ပေါရိဿမှ
ဦးဆောင်လျက်ရှိပြီး ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၏
အင်အားဖြင့် ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်
စတင်ပန္နက် တင်ခဲ့သည်ဟုသိရသည်။ ဟိုပုံး ကိုရင်လေး၏
ပြောကြားချက် အရ အဆိုပါ လိုဏ်ဂူတော်ကြီးများသည်
ကျောက်စာဂူ၊ ဘုရားလိုဏ်ဂူ၊ ဂမ္ဘီရဂူ ဟူ၍ တြိဂံပုံစံဖြင့်
လိုဏ်ဂူတော်ကြီး (၃)ခု ရှိသည်။
ဘုရား လိုဏ်ဂူတော်ကြီး အတွင်းတွင် အံ့မခမ်းဖွယ်ရာ
သဘာဝ ကျောက်စက် ပန်းဆွဲများ၊ စမ်းချောင်းများ
အပြင် ဂူ(၂)ဆင့် (၃)ဆင့်ရှိပြီး သဘာဝ ငွေထီးတော်၊
ကျောက်ယပ်တောင်၊ သဘာဝတံခါး၊ ပြတင်းများ
ထူးခြား အံ့ဖွယ် ရှိနေပါသည်။
ဂူအတွင်းပိုင်း ပေ(၄၂ဝဝ)တွင် ရှိသော ပတ္တမြား
အရောင်အဆင်း ရှိနေသော ပတ္တမြားဂူ
အထိသာ ဝင်ရောက်ခဲ့ခြင်း ရှိသေးသည်ဟု သိရှိရသည်။
အဆိုပါ လိုဏ်ဂူသည် မည်မျှရှည်လျားသည်ကို
ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ဟိုပုံး ကိုရင်လေးမှ
လျှပ်တစ်ပြက် သတင်းဂျာနယ်သို့ မိန့်ကြားပါသည်။
ယခုအချိန်တွင် ပထမအဆင့် အနေဖြင့်
ပေ(၄ဝဝ)ကျော် အထိသာ သာသနာပိုင်းဆိုင်ရာ
တည်ဆောက်ရေးများကို စတင်နိုင်သေးကြောင်း
သိရှိရသည်။ ဂမ္ဘီရဂူ အတွင်းတွင်လည်း ရှေးဟောင်း ဂမ္ဘီရ
ပစ္စည်းများ, များစွာ ရှိနေကြောင်း သိရှိရသည်။
ဆက်လက်ပြီး ဟိုပုံး ကိုရင်လေးမှ ''ကိုရင်လေး
(၉)နှစ်သားကတည်းက ဒီလိုဏ်ဂူတွေကို စပြီးတွေ့ရှိခဲ့တာပါ။
အဲဒီမှာ အစောင့်အရှောက် တအား များတယ်။
ဒီကနေ့ အချိန်တန်တော့မှ ဖော်ဆောင် ရတော့တာ၊
ဒီနေရာက ဂူထဲမှာ ကိုရင်လေး တရားကျင့်ခဲ့တယ်။
အဲဒီအချိန်က ဒီနေရာမှာ လူဆိုး၊ နတ်ဆိုးတွေ
အရမ်းများတယ်။ အခုတော့ အားလုံး အေးချမ်းသွားပြီ
ဟု မိန့်ကြားပါသည်။ ဟိုပုံး ကိုရင်လေးသည်
ဘုရားပေါင်း ရာနှင့်ချီ၍ ပြုပြင် ထိမ်းသိမ်းကာ သာသနာပြု
ခဲ့ပြီး ဖြစ်သည်ဟု သိရှိရသည်။ ထမ့်စန်း
လိုဏ်ဂူတော်ကြီးတွင် ရပ်နီးရပ်ဝေးမှ
လူပေါင်း ရာနှင့်ချီ၍ လုပ်အား ကုသိုလ်ပြုလျက်
ရှိကြသည်။ ဟိုပုံး ကိုရင်လေးမှ ကိုရင်လေး
ကျောင်းတိုက်သို့ လည်းကောင်း၊ ဘုရားသို့ လည်းကောင်း၊
လိုဏ်ဂူတော်ကြီးသို့ လည်းကောင်း၊ လာရောက်
ကြကုန်သော ဘုရားဖူးနှင့် လုပ်အား
ကုသိုလ်ရှင် ရာနှင့်ချီပြီး နေ့စဉ် (၂၄) နာရီ
သားသတ်လွတ် ထမင်းကျွေးလျက်
ရှိသည်ကို တွေ့ရသည်။ ဟိုပုံး ကိုရင်လေး
ကျောင်းတိုက်သည် ဟိုပုံးမြို့၏ အရှေ့ဘက်
(၅)မိုင်ခန့် အကွာတွင် တည်ရှိပြီး ထမ့်စန်း
လိုဏ်ဂူတော်ကြီးသည် တောင်ကြီးမြို့၏
အရှေ့ဘက်(၂၅)မိုင်ခန့် အကွာ တာချီလိတ်သို့
သွားရာ လမ်းမကြီး နံဘေးတွင်တည်ရှိသည်။

သတင်း-သံလျက် ဓါတ်ပုံ-ဇင်မင်းဆွေ


----->>>> အပြည့်အစုံသို့......

----->>>> အပြည့်အစုံသို့......

----->>>> အပြည့်အစုံသို့......

5/28/2552

2010 ရွေးကောက်ပွဲကို ဆန့်ကျင်ကြ

စစ်အာဏာအဆက်ဆက်၏ ဖိနှိပ်သွေးအုပ်ချုပ်မှုကြောင့် မြန်မာနိုင်ငံသည်အောက် ဆုံးထိမွဲပြာကျခဲ့ရသည်။ ကမ္ဘာ့အလည်မျက်နှာငယ်ခဲ့ရသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစကာလတွင် အာရှဒေသ၌ အချမ်းသာဆုံး နိုင်ဖြစ်ခဲ့သည်။ သို့သော်ယနေ့နအဖခေတ်တွင် မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနှင့်ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံဖြစ်လာသည်။ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ဖြစ်လာသည်။ စစ်အာဏာရှင်နအဖသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ လူထုအသက်အိုးအိမ်လုံခြုံရေးစသည့် ပြည်သူလူထုအရေးမှန်သမျှကိုအလေးမထား ၎င်းတို့အာဏာတည်မြဲရေးကိုသာအမြဲစဉ်းစားလုပ် ဆောင်နေကြသည်။


အာဏာရှင်န၀်တ၊ နအဖစစ်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲ မြန်မာနိုင်ငံကိုနှစ် (20) ကြာ တရားမ၀င်ဖိနှိပ်အုပ်ချုပ်လာခဲ့ သည်။ အဖက်ဖက်ကဖိအားများကြောင့် ဆက်လက်အုပ်ချုပ်ရန် အခြေအနေမပေးတော့သည့်အချိန်တွင် ၎င်းတို့စိတ်ကြိုက်ဖွဲ့စည်းပုံ အခြေခံဥပဒေကို တဖက်သတ်ရေးဆွဲကာပြည်သူလူထုကိုခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ အာဏာသုံးခြင်းနည်းများဖြင့် အတင်းအဓမ္မ အတည်ပြုခိုင်းခဲ့သည်။ နအဖသည် ၎င်းတို့အာဏာထာဝရတည်မြဲရေးနှင့်တရားဝင်အစိုးရဖြစ်ရေးအတွက်လာမည့် 2010 တွင်ရွေး ကောက်ပွဲကျင်းပရန်ကြေငြာထားသည်။ ထိုရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲဖြစ်မည်မဟုတ်သည်မှာ သေးချာသည်။ နအဖသည် ၎င်းတို့အာဏာထာဝရတည်မြဲရေးအတွက် စနစ်တကျ အစီအစဉ်ရေးဆွဲထားပြီးဖြစ်သည်။ နအဖသာတရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရလျှင် မြန်မာနိုင်ငံပြည်သူလူထုအနေဖြင့် အာဏာရှင်စနစ်အောက်တွင် စစ်ကျွန်အဖြစ်သားစဉ်မြေးဆက် ဆင်းရဲမွဲတေမှု၊ လူအခွင့်အရေးချိုးဖေါက်မှုများကို ခံကြရမည်ဖြစ်သည်။ ထို့ကြောင့် 2010 ရွေးကောက်ပွဲကို လူထုတိုက်ပွဲ (လူထုဆန္ဒပြပွဲ) အဖြစ်သို့ပြောင်းလဲပြီး နအဖကိုဖြုတ်ချရမည်ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို လူထုတိုက်ပွဲနှင့်လက်နက်ကိုင်တိုက်ပွဲပေါင်းစပ်ပြီး တိုက်ဖျက်ကြ............. စစ်အာဏာရှင်စနစ်မုချ ကျဆုံးရမည် ဒီမိုကရေစီပေါ်ထွန်းရမည်.........


----->>>> အပြည့်အစုံသို့......

5/26/2552

နအဖ မှ လူထုကိုအဓမ္မနှိပ်စက်ခြင်း

14-5-2009 ရက်နေ့တွင် အမှတ် ခမရ 426 တပ်ရင်းမှ တပ်ရင်းမှူးညွန့်ဦး ဦးစီးစစ်ကြောင်း အင်အား (12) သည် ဘန်းယဉ်းမြို့အရှေ့ဖက် နောင်တဗန်ရွာနေ ဦးခွန်ပျားသမီး အသက် (15) နှစ်ကိုမုဒိမ်းကျင့်ပါသည်။ ဦးခွန်ပျားသမီး (--) အသက် (15) နှစ် လိမ္မော်ခြံတွင် အလုပ်လုပ်နေစဉ် ထို 426 တပ်ရင်းမှ စစ်သား (12) ယောက်မုဒိမ်းကျင့်ကြပါသည်။ ယခုတွင်အဆိုပါ မိန်းကလေးသည် တောင်ကြီးဆေးရုံတွင် တင်ထားရပါသည်။ ဒီနေ့ထိ လမ်းမလျှောက်နိုင်သေးပါ။

18-5-2009 ရက်နေ့တွင် အမှတ် ခမရ 426 တပ်ရင်းမှ တပ်ရင်းမှူးညွန့်ဦး ဦးစီးစစ်ကြောင်းသည် သူပုန်နှင့်အဆက်အသွယ်ရှိ၊ သတင်းထိန်ချိန်မှုဟုစွပ်စွဲပြီး ဆီဆိုင်မြို့နယ် ထမ်းယမ်းအုပ်စု ကောင်တိုင်းရွာ ဦးခွန်လွန်း၏ လက်ကောက်နှစ်ဖက်ကို ဓါးနဲ့ခုတ်ဖြတ်ကာ ကျောင်းဆရာ ကိုဝင်းဗိုလ် ကိုလည်း သေနတ်ဒင်နှင့်ရိုက်နက်ပါသည်။ ဦးခွန်လွန်းနှင့် ကျောင်းဆရာကိုဝင်းဗိုလ်အပါအ၀င်ရွာသား (20) ယောက်ကိုလည်းယခုချိန်ထိဖမ်းဆီးထားပါသည်။

20-5-2009 ရက်နေတွင် အမှတ် 421 တပ်ရင်းမှ ဒု-တပ်ရင်းမှူး ရဲထွဋ် ဦးစီးသောစစ်ကြောင်း (2) သည် ရှမ်း/ကယားနယ်စပ်မှ ဒေါနကလူးကျေးရွာတွင် ရွာသားပိုင် ရွေ 5 ကျပ်သားခွဲ (ကာလတန်ဖိုးရွေတစ်ကျပ်သား 600000 ကျပ်)၊ ကယားရိုးရာ ဒင်္ဂါးငွေသား 11 ချပ် (ကာလတန်ဖိုး တစ်ချပ် 8000 ကျပ်)၊ ကျပ်ငွေ 1570000 ကျပ်နှင့် အခြားတိုလီမိုလီပစ္စည်းများရှာဖွေယူသွားခဲ့ပါသည်။ ရွာထဲရှိ ကြက်၊ ၀က်၊ နွားများကိုလည်း ပစ်သတ်စားသောက်ခဲ့ပါသည်။ နောက်ပြီးရွာထဲမှာ ဈေးဆိုင်ရှိပစ္စည်းကိုလည်း ဒီအတိုင်းစွဲယူစားသောက်ကြသည်။ ရွာသားများက ကြောက်သဖြင့် ဘာမှမပြောရဲ မဆိုရဲကြပါ။ အဆိုပါ စစ်ကြောင်းများသည် ပွန်ချောင်းအရှေ့ဖက်ရှိ ကျေးရွာလူထုများကို ည 6း00 နာရီထိ ရွာပြင်မထွက်ရ ထွက်ရင်ပစ်သတ်မည်ဟု မာရှယ်လော အမိန့်ထုတ်ထားပါသည်။

23-5-2009 ရက်နေ့တွင် အမှတ် 426 တပ်ရင်းမှဗိုလ်ကြီးဆန်းအောင် ဦးစီးသည့် အင်အား (15) ရှိစစ်ကြောင်းသည် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာအုပ်စု၊ ပန်ညိုးရွာ ရွာသူကြီး ဦးခွန်မိန်းကိုဖမ်းပြီး ခေါင်းကို ဓါးနဲ့ခုတ် သေနတ်ဒင်နှင့် ထုရိုက်ကာ ယခုချိန်ထိအိပ်ယာထဲတွင် လဲနေရပါသည်။

24-5-2009 ရက်နေ့တွင် ဟိုပုံး၊ ဆီဆိုင်၊ လွယ်ကော် ကားလမ်းအရှေ့ဘက်ရှိ 425 တပ်ရင်းနှင့် 426 တပ်ရင်းက PNO အဖွဲ့ကိုသွားခွင့်မပြုတော့ပါ၊ ထို PNO အုပ်ချုပ်ဒေသရှိ PNO မှ ပေးအပ်ထား ဒိုင်နယ် အုပ်စုလူကြီးများထံမှ လက်နက်များကိုလည်း အဆိုပါ နအဖတပ်ရင်းများ သိမ်းဆည်းသွားပြီ ဟုသိရှိရပါသည်။
ထိုဟိုပုံး၊ ဆီဆိုင်၊ လွယ်ကော်ကားလမ်းအရှေ့ဘက်ရှိ ကျေးရွာနေလူထုများကိုလည်း ပြောက်ကျား ၀တ်ဆင်ခွင့်ပိတ်ထားပါသည်။ အကယ်၍ပြောက်ကျားအ၀တ်အစား ၀တ်ဆင် သူကိုတွေ့ရှိက တွေ့သည့်နေရာတွင် ပစ်သတ်မည်ဟု အမိန့်ထုတ်ထားပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍ PNO ဘက်က တုန့်ပြန်ပြောဆိုမှုတစ်စုံတရာမရှိသေးပါ။


----->>>> အပြည့်အစုံသို့......