6/09/2552

ပအိုဝ်းကျေးရွာလူထုများကို နအဖစစ်တပ်မှ ဖြတ်လေးဖြတ်ပြုလုပ်နေ

၇- ၆- ၂၀၀၉ ရက်နေ့တွင် ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၃ တပ်ရင်းမှ တပ်ရင်းမှူးဇော်နိုင် ဦးစီး သောစစ်ကြောင်း(၁)၊ ဒု-တပ်ရင်းမှူးဝေလင်းအောင် ဦးစီးသောစစ်ကြောင်း(၂)၊ ခမရ ၄၂၄ တပ်ရင်းမှ တပ်ရင်း မှူးချစ်သန်း ဦးစီးသောစစ်ကြောင်း(၁)၊ ဒု-တပ်ရင်းမှူးသန်းကျော် ဦးစီးသောစစ်ကြောင်း(၂) သည် ဆီဆိုင်မြို့နယ် လွယ်ဆောင်(တောင်)ရွာ၊ ထီနဲ့ရွာ ပန်တခွါးရွာရှိကျေးရွာသူ/သားများနှင့် မောက်မယ်မြို့နယ် ဗန်းမတ်အုပ်စု ပန်သခွါးရွာရှိ ရွာသူ/သားများကို အတင်းအဓမ္မမောင်းထုတ်နေကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပအိုဝ်းရောင်း ကို ယခုလိုပြောပြပါသည်။
ဗမာစစ်သားတွေက ကျနော်တို့ရွာတွေကို ဒီမှာမနေရဘူး ဒီမှာဆက်နေရင် မင်းတို့ရွာတွေကိုမီးရှို့ပစ်မယ် တစ်ခြားနေရာမှာသွားနေလို့ ပြောပါတယ်ဗျာ ကျနော်တို့လည်း မပြောင်းချင်ဘူး ဒီမှာက တောင်ယာတွေ စိုက်သူကလည်းရှိတယ် ခုတ်ရှင်းနေသူတွေလည်းခုတ်နေပြီးပြီ တစ်ခြားနေရာမှာနေရင် ဘာလုပ်စားမှာလဲလို့ ပြောလည်းမရဘူး ရွာသူကြီးနှင့် ရွာကော်မတီများကိုဖမ်းတယ် ရိုက်တယ်လုပ်တော့ကျွန်တော်တို့လည်းပြောင်း လိုက်ရတယ်ခင်ဗျာ ဟုဆီဆိုင်မြို့သို့ပြောင်းနေသူ ကပြောပါသည်။
တစ်ခြားရွာတွေလည်းပြောင်းခိုင်းတယ်ခင်ဗျာ အများကြီးဘဲ တစ်ချို့ကတော့ သူ့ဆွေမျိုးတွေရှိတဲ့ ရွာ တွေမှာပြောင်းကြတယ် မပြောင်းလို့မရဘူး ခြံလည်းပေးမသွားဘူး ဈေးလည်းပေးမသွားဘူး ရွာအပြင်ဘက်ကို ထွက်ခွင့်မပေးဘူး ဖြတ်လေးဖြတ်လုပ်တယ်ပေါ့ဗျာ ရွာအပြင်ထွက်ဒါတွေ့ရင် ပစ်သတ်မယ်လို့ ဗမာစစ်တပ်တွေ ကပြောတယ် ဟု သူကဆက်ပြောပြပါသည်။
ယခုလို နအဖတပ်မှကျေးရွာနေလူထုများကို အတင်းအဓမ္မရွှေ့ပြောင်းခိုင်းနေသည့်အကြောင်းရင်းမှာ သူပုန်တွေခိုအောင်းနေသည့်အမာခံရွာတွေ ဟု စွပ်စွဲခြင်းဖြစ်ပြီး ထိုဒေသတွင် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ နှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) တို့လှုပ်ရှားနေကြောင်းသိရှိရပါသည်။

0 comments:

แสดงความคิดเห็น