6/08/2552

ဗမာစစ်အစိုးရတပ်မှ ပအိုဝ်းဒေသရှိကျေးရွာလူထုများကို ပစ်သတ်

၂- ၆- ၂၀၀၉ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ဗန်းမတ်အုပ်စု၌ နအဖတပ်မှ ခမရ ၄၂၁ တပ်ရင်း ဒု-တပ်ရင်းမှူးရဲထွဋ် ဦးစီးသော အင်အား (၂၀) ကျော်ရှိစစ်ကြောင်းမှ ကျေးရွာအုပ်စုဥက္ကဌ အပါအဝင် လူ(၆) ယောက်ကိုပစ်သတ်ပြီး ရွာထဲရှိပစ္စည်းများကို လုယူသွားပါသည်။

ထိုအကြောင်းနှင့်ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ဇွဲထိုက ယခုလိုပြောပြပါသည် ဗန်းမတ်အုပ်စုမှ အုပ်စုဥက္ကဌ ဦးခွန်ရွှေဝင်း၊ ရွာဥက္ကဌဦးခွန်ကျဲ၊ ရွာကော်မတီ ဦးဘော်ရယ်၊ ထီတဖြေရွာမှ ဦးခွန်သန်း နှင့် ခရုံးချားရွာကော်မတီနှစ်ဦး (အမည်စုံစမ်းဆဲ)တို့ကို သူပုန်နှင့် အဆက်အသွယ်ရှိ တယ် သူပုန်တွေရဲ့အမာခံဟုစွပ်စွဲပြီးတော့ ၂- ၆- ၂၀၀၉ ရက်နေ့မှာ ခမရ ၄၂၁ မှ ဒု-တပ်ရင်းမှူးရဲထွဋ် ဦးစီးစစ် ကြောင်း(၂)က စစ်ဆေးမေးမြန်ရင်းနှင့် ပစ်သတ်သွားတယ်ဟု ပြောပါသည်။
အဆိုပါ ခမရ ၄၂၁ ဒု-တပ်ရင်းမှူးရဲထွဋ် ဦးစီးသောစစ်ကြောင်းသည် ရွာသားပစ္စည်းများ နှင့် ဆန် ၁၀ အိတ်ကျော်ကိုလည်းယူဆောင်သွားကြပြီး ဆန်များကို ဗန်းမတ်ရွာအနီးရှိ နားဟီးရွာတွင်သွားရောင်းခဲ့ကြသည်။ ထိုဒေသရှိရွာသားများကိုလည်း တောင်ယာလုပ်ကိုင်ခွင့်မပေး၊ ရွာပြင်မထွက်ရဟု အမိန့်ထုတ်ထားသည့် အတွက် ရွာသားများစားဝတ်နေရေးအခက်အခဲကြုံတွေ့ပါတယ် ဟု သူကဆက်ပြောပါသည်။

0 comments:

แสดงความคิดเห็น