5/26/2552

နအဖ မှ လူထုကိုအဓမ္မနှိပ်စက်ခြင်း

14-5-2009 ရက်နေ့တွင် အမှတ် ခမရ 426 တပ်ရင်းမှ တပ်ရင်းမှူးညွန့်ဦး ဦးစီးစစ်ကြောင်း အင်အား (12) သည် ဘန်းယဉ်းမြို့အရှေ့ဖက် နောင်တဗန်ရွာနေ ဦးခွန်ပျားသမီး အသက် (15) နှစ်ကိုမုဒိမ်းကျင့်ပါသည်။ ဦးခွန်ပျားသမီး (--) အသက် (15) နှစ် လိမ္မော်ခြံတွင် အလုပ်လုပ်နေစဉ် ထို 426 တပ်ရင်းမှ စစ်သား (12) ယောက်မုဒိမ်းကျင့်ကြပါသည်။ ယခုတွင်အဆိုပါ မိန်းကလေးသည် တောင်ကြီးဆေးရုံတွင် တင်ထားရပါသည်။ ဒီနေ့ထိ လမ်းမလျှောက်နိုင်သေးပါ။

18-5-2009 ရက်နေ့တွင် အမှတ် ခမရ 426 တပ်ရင်းမှ တပ်ရင်းမှူးညွန့်ဦး ဦးစီးစစ်ကြောင်းသည် သူပုန်နှင့်အဆက်အသွယ်ရှိ၊ သတင်းထိန်ချိန်မှုဟုစွပ်စွဲပြီး ဆီဆိုင်မြို့နယ် ထမ်းယမ်းအုပ်စု ကောင်တိုင်းရွာ ဦးခွန်လွန်း၏ လက်ကောက်နှစ်ဖက်ကို ဓါးနဲ့ခုတ်ဖြတ်ကာ ကျောင်းဆရာ ကိုဝင်းဗိုလ် ကိုလည်း သေနတ်ဒင်နှင့်ရိုက်နက်ပါသည်။ ဦးခွန်လွန်းနှင့် ကျောင်းဆရာကိုဝင်းဗိုလ်အပါအ၀င်ရွာသား (20) ယောက်ကိုလည်းယခုချိန်ထိဖမ်းဆီးထားပါသည်။

20-5-2009 ရက်နေတွင် အမှတ် 421 တပ်ရင်းမှ ဒု-တပ်ရင်းမှူး ရဲထွဋ် ဦးစီးသောစစ်ကြောင်း (2) သည် ရှမ်း/ကယားနယ်စပ်မှ ဒေါနကလူးကျေးရွာတွင် ရွာသားပိုင် ရွေ 5 ကျပ်သားခွဲ (ကာလတန်ဖိုးရွေတစ်ကျပ်သား 600000 ကျပ်)၊ ကယားရိုးရာ ဒင်္ဂါးငွေသား 11 ချပ် (ကာလတန်ဖိုး တစ်ချပ် 8000 ကျပ်)၊ ကျပ်ငွေ 1570000 ကျပ်နှင့် အခြားတိုလီမိုလီပစ္စည်းများရှာဖွေယူသွားခဲ့ပါသည်။ ရွာထဲရှိ ကြက်၊ ၀က်၊ နွားများကိုလည်း ပစ်သတ်စားသောက်ခဲ့ပါသည်။ နောက်ပြီးရွာထဲမှာ ဈေးဆိုင်ရှိပစ္စည်းကိုလည်း ဒီအတိုင်းစွဲယူစားသောက်ကြသည်။ ရွာသားများက ကြောက်သဖြင့် ဘာမှမပြောရဲ မဆိုရဲကြပါ။ အဆိုပါ စစ်ကြောင်းများသည် ပွန်ချောင်းအရှေ့ဖက်ရှိ ကျေးရွာလူထုများကို ည 6း00 နာရီထိ ရွာပြင်မထွက်ရ ထွက်ရင်ပစ်သတ်မည်ဟု မာရှယ်လော အမိန့်ထုတ်ထားပါသည်။

23-5-2009 ရက်နေ့တွင် အမှတ် 426 တပ်ရင်းမှဗိုလ်ကြီးဆန်းအောင် ဦးစီးသည့် အင်အား (15) ရှိစစ်ကြောင်းသည် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာအုပ်စု၊ ပန်ညိုးရွာ ရွာသူကြီး ဦးခွန်မိန်းကိုဖမ်းပြီး ခေါင်းကို ဓါးနဲ့ခုတ် သေနတ်ဒင်နှင့် ထုရိုက်ကာ ယခုချိန်ထိအိပ်ယာထဲတွင် လဲနေရပါသည်။

24-5-2009 ရက်နေ့တွင် ဟိုပုံး၊ ဆီဆိုင်၊ လွယ်ကော် ကားလမ်းအရှေ့ဘက်ရှိ 425 တပ်ရင်းနှင့် 426 တပ်ရင်းက PNO အဖွဲ့ကိုသွားခွင့်မပြုတော့ပါ၊ ထို PNO အုပ်ချုပ်ဒေသရှိ PNO မှ ပေးအပ်ထား ဒိုင်နယ် အုပ်စုလူကြီးများထံမှ လက်နက်များကိုလည်း အဆိုပါ နအဖတပ်ရင်းများ သိမ်းဆည်းသွားပြီ ဟုသိရှိရပါသည်။
ထိုဟိုပုံး၊ ဆီဆိုင်၊ လွယ်ကော်ကားလမ်းအရှေ့ဘက်ရှိ ကျေးရွာနေလူထုများကိုလည်း ပြောက်ကျား ၀တ်ဆင်ခွင့်ပိတ်ထားပါသည်။ အကယ်၍ပြောက်ကျားအ၀တ်အစား ၀တ်ဆင် သူကိုတွေ့ရှိက တွေ့သည့်နေရာတွင် ပစ်သတ်မည်ဟု အမိန့်ထုတ်ထားပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍ PNO ဘက်က တုန့်ပြန်ပြောဆိုမှုတစ်စုံတရာမရှိသေးပါ။


0 comments:

แสดงความคิดเห็น