5/28/2552

2010 ရွေးကောက်ပွဲကို ဆန့်ကျင်ကြ

စစ်အာဏာအဆက်ဆက်၏ ဖိနှိပ်သွေးအုပ်ချုပ်မှုကြောင့် မြန်မာနိုင်ငံသည်အောက် ဆုံးထိမွဲပြာကျခဲ့ရသည်။ ကမ္ဘာ့အလည်မျက်နှာငယ်ခဲ့ရသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစကာလတွင် အာရှဒေသ၌ အချမ်းသာဆုံး နိုင်ဖြစ်ခဲ့သည်။ သို့သော်ယနေ့နအဖခေတ်တွင် မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနှင့်ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံဖြစ်လာသည်။ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ဖြစ်လာသည်။ စစ်အာဏာရှင်နအဖသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ လူထုအသက်အိုးအိမ်လုံခြုံရေးစသည့် ပြည်သူလူထုအရေးမှန်သမျှကိုအလေးမထား ၎င်းတို့အာဏာတည်မြဲရေးကိုသာအမြဲစဉ်းစားလုပ် ဆောင်နေကြသည်။


အာဏာရှင်န၀်တ၊ နအဖစစ်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲ မြန်မာနိုင်ငံကိုနှစ် (20) ကြာ တရားမ၀င်ဖိနှိပ်အုပ်ချုပ်လာခဲ့ သည်။ အဖက်ဖက်ကဖိအားများကြောင့် ဆက်လက်အုပ်ချုပ်ရန် အခြေအနေမပေးတော့သည့်အချိန်တွင် ၎င်းတို့စိတ်ကြိုက်ဖွဲ့စည်းပုံ အခြေခံဥပဒေကို တဖက်သတ်ရေးဆွဲကာပြည်သူလူထုကိုခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ အာဏာသုံးခြင်းနည်းများဖြင့် အတင်းအဓမ္မ အတည်ပြုခိုင်းခဲ့သည်။ နအဖသည် ၎င်းတို့အာဏာထာဝရတည်မြဲရေးနှင့်တရားဝင်အစိုးရဖြစ်ရေးအတွက်လာမည့် 2010 တွင်ရွေး ကောက်ပွဲကျင်းပရန်ကြေငြာထားသည်။ ထိုရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲဖြစ်မည်မဟုတ်သည်မှာ သေးချာသည်။ နအဖသည် ၎င်းတို့အာဏာထာဝရတည်မြဲရေးအတွက် စနစ်တကျ အစီအစဉ်ရေးဆွဲထားပြီးဖြစ်သည်။ နအဖသာတရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရလျှင် မြန်မာနိုင်ငံပြည်သူလူထုအနေဖြင့် အာဏာရှင်စနစ်အောက်တွင် စစ်ကျွန်အဖြစ်သားစဉ်မြေးဆက် ဆင်းရဲမွဲတေမှု၊ လူအခွင့်အရေးချိုးဖေါက်မှုများကို ခံကြရမည်ဖြစ်သည်။ ထို့ကြောင့် 2010 ရွေးကောက်ပွဲကို လူထုတိုက်ပွဲ (လူထုဆန္ဒပြပွဲ) အဖြစ်သို့ပြောင်းလဲပြီး နအဖကိုဖြုတ်ချရမည်ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို လူထုတိုက်ပွဲနှင့်လက်နက်ကိုင်တိုက်ပွဲပေါင်းစပ်ပြီး တိုက်ဖျက်ကြ............. စစ်အာဏာရှင်စနစ်မုချ ကျဆုံးရမည် ဒီမိုကရေစီပေါ်ထွန်းရမည်.........


0 comments:

แสดงความคิดเห็น