3/07/2555

ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းလျှက်ရှိကြောင်း PNLO ကြေညာချက်ထုတ်ပြန်

ယနေ့တပေါင်းလပြည့်နေ့တွင်ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ ထုတ်ပြန်ကြေငြာချက်အရ (PNLO) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှ တပြည်လုံးအတိုင်းအာတာဖြင့် အပစ်အခတ်ရပ်စဲရေး မှတဆင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလျှက်ရှိကြောင်း ကြေညာ ချက်ထုတ်ပြန်ထားသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးခွန်မြင့်ထွန်းက “ပထမဆုံးအနေနဲ့ တပြည်လုံးအတိုင်းအတာအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို တရားဝင် ကြေညာပေးဖို့၊ နောက်တစ်ခုက တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ရက်ပေါင်း ၆၀ အတွင်းမှာပြည်ထောင်စုအစိုးရနဲ့ တိုင်းရင်းသား အင်းအားစုနဲ့တွေ့ဖို့ အဲဒီကမှ တဆင့် နိုင်ငံရေးအင်းအားစုတွေ အားလုံးပါတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ အတွက်ကို တောင်းဆိုထားပါတယ်” ဟု ပြောသည်။


ယနေ့ကျင်းပသော ပအိုဝ်းအမျိုးသားနေ့မှတ်တမ်းပုံ( Photo- PNLO)

လွန်ခဲ့သည့်လပိုင်းတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့နှင့် ပြည်တောင်စု ငြိမ်းချမ်းရေးအဖွဲ့ကိုယ် စားလှယ်တို့ နှစ်ကြိမ်အလွတ်သဘောတွေ့ဆုံခဲ့ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့အနေဖြင့် လာမည့် ဧပြီလတွင် ပြည်တောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေးအဖွဲ့နှင့် ထပ်မံတွေ့ဆုံမည်ဟု ဦးခွန်မြင့်ထွန်းက ပြောသည်။

“တိုင်းရင်းသားအဖွဲ့အစည်းတွေထဲက အပစ်ရပ်လက်မှတ်ထိုးပြီးတဲ့အဖွဲ့တွေရော လက်မှတ်မထိုး ရသေးတဲ့ အဖွဲ့တွေရော အားလုံးရဲ့ ရည်မှန်းချက်ကတော့ အပစ်အခတ်ရပ်စဲရေးဆိုတာ နိုင်ငံရေးအရ တွေ့ဆုံဆွေး နွေးမှုဖြစ်တယ်ဆိုတာ အားလုံးမှာက ရည်မှန်းချက်တူညီကြပါတယ်၊ အဓိက ကတော့ နိုင်ငံရေးအရ ပြဿနာ ကို ဖြေရှင်းနိုင်မှုကိုပဲ အားလုံးက ဦးတည်နေကြတာပါ၊ ဒါကြောင့် အပစ်ရပ်သည်ဖြစ်စေ မရပ်သည်ဖြစ်စေ နိုင်ငံရေးအရ တွေ့ဆုံးဆွေးနွေးမှုကို ဦးတည်သွားကြမယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု ဦးခွန်မြင့်ထွန်း ပြောသည်။

ယနေ့တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားတွင်းလည်း ပြည်တောင်စု ငြိမ်းချမ်းရေးတည် ဆောက် မှုအတွင်း အမျိုးသား လုပ်ငန်းစဉ်များကို အဖွဲ့ချုပ်နှင့်အတူ ပအိုဝ်းတမျိုးသားလုံး တက်တက်ကြွကြွ ပူးပေါင်းပါဝင်ရန်အတွက် တိုက်တွန်းထားကြောင်း ပါရှိသည်။

ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်၏ လွတ်မြောက်နယ်မြေ ဖြစ်သည့် လေဗွာစခန်းတွင်းကျပပြီး အခမ်းအနားတွင် PNLO ခေါင်းဆောင်များ၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်သားများ၊ ကျေးရွာကိုယ်စားလှယ်များ၊ WNO ဝအမျိုးသားအဖွဲ့မှ ဖိတ်ကြားထားသည့် တာဝန်ရှိသူများ၊ RCSS/SSA မှ ဖိတ်ကြားထားသည့် တာဝန်ရှိသူများ နှင့် ကယန်းပြည်သစ်ပါတီမှ တာဝန်ရှိသူများ တက်ရောက်ကြောင်းသိရသည်။

ပအိုဝ်းအမျိုးသားနေ့ကို လေဗွာစခန်းအပြင်၊ ထိုင်းနိုင်ငံ၊ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများ၊ နိုင်ငံတကာရှိ ပအိုဝ်းတိုင်းရင်းသားများရှိသည့် နေရာအသီးသီးနှင့် ပြည်တွင်း၌ တောင်ကြီးမြို့တွင် ပအိုဝ်းအမျိုးသား ပွဲတော်အနေဖြစ်သာ ကျင်ပကြကြောင်းသိရသည်။

----->>>> အပြည့်အစုံသို့......

6/30/2552

တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုတပ်ဖွဲ့နှင့် မြန်မာစစ်အစိုးရတပ်ဖွဲ့တိုက်ပွဲဖြစ်ပွားခြင်း

ဇွန်လ ၂၄ ရက်၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်းတွင် မြန်မာစစ်အစိုးတပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်း စုတပ်ဖွဲ့ တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှအရာရှိတယောက်သေဆုံးပြီးရဲဘော်သုံးယောက်ဒဏ်ရာရသည်ဟု ပအိုဝ်းအမျိုး သားလွတ်မြောက်ရေး တပ်မတော်မှ ဒု-ဗိုလ်မှူးကြီးအောင်ဒင်က ပအိုဝ်းရောင်းကိုပြောပြပါသည်။
မြန်မာစစ်အစိုးရတပ်မှ ဖယ်ခုံအခြေစိုက် ခမရ ၄၁၂ တပ်ရင်းမှတပ်ရင်းမှူးကျော်မင်း ဦးဆောင်သည့်အဖွဲ့သည် မောက်မယ်မြို့နယ် အတွင်းရှိကျေးရွာမှရွာသူကြီးအား ဖမ်းဆီးပြီး လက်နက်ကိုင်အဖွဲ့များရှိရာသို့ လမ်းပြပေးရန်ခေါ်ဆောင်သွားစဉ် ယမန်နေ့ကတိုက် ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ဒု-ဗိုလ်မှူးကြီးအောင်ဒင် က ယခုလိုပြောပါသည်။
“မနက် (၇) နာရီခွဲဗျ။ တိုက်ပွဲအခြေအနေကတော့ ကျနော်တို့ကနေ အရင်ပစ်ရတာပဲ။ သူတို့ စခမ်း ထဲကို ၀င်လာတယ်။ ရွာသားကို ကြိုးနဲ့ချည်ပြီးတော့လေ။ အဲဒါ ကျနော်တို့ကလည်းပဲ စခန်းဘေး ကနေ ပြောင်းမယ်ဆိုပြီးတော့ ရွေ့ခိုင်းတဲ့အချိန်မှာ သွားပြီး ဒဲ့တိုးကြတာပေါ့။ ဒဲ့တိုးတဲ့ အချိန်မှာအဲမှာ ပစ်ကြတယ်လေ။ အဲမှာ နအဖဘက်က တပ်ခွဲမှူးဥာဏ်လင်းဆိုတဲ့အရာရှိတယောက်နဲ့ သူ့ရဲ့တပ်သာား ဟဲဗီး ဆိုတဲ့ တယောက်ကျတယ်လေ။ ဒဏ်ရာရတာက တယောက်ပေါ့။”
တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု တပ်ဖွဲ့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ၀အမျိုးသားတပ်မတော်၊ မြန် မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ပါဝင်သည်။ ယင်း တိုက်ပွဲတွင် တပ်ပေါင်းစုအဖွဲ့မှ ထိခိုက်ကျဆုံးမှု မရှိဟုဆိုသည်။
ရှမ်း-ကရင်နီ နယ်စပ် မောက်မယ်မြို့ ဒေါတခရောကျေးရွာရှိ ရွာသူကြီး အပါအ၀င် ကျေးရွာသား ၁၀ ဦးကို ယမန် နေ့မနက် ၃ နာရီတွင် မြန်မာစစ်အစိုးရတပ်က ဖမ်းဆီးသွားသည်ဟု အဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ရွာသူကြီး ဦးဒီးလယ်က ပြောသည်။
“ကျနော်တို့ကိုလာဝိုင်းတာက မနက်ပိုင်း ၃ နာရီလောက်ကပါ။ ကျနော်တို့ ၁၀ယောက် အဖမ်းခံရပါတယ်။ အဲမှာ ကျနော့်ကို စစ်ဆေးတာ ဓားမြှောင်နဲ့ လှီးတာ သုံးခါ။ ရိုက်တာက ခြောက်ချက်။ ကျနော့်တယောက်ထဲကိုပဲ နာအောင်လုပ်တာ။ ဖမ်းတာကတော့ ၁၀ ယောက်။ ၉ ယောက်ကိုတော့ မနှိပ်စက်သေးဘူး။ ရွာမှာဘယ်လိုဆက်ဖြစ်လဲတော့ မသိရသေးဘူး။ ကျနော့်ကို စခမ်းနားကို ခေါ်သွားတာ။”
၎င်းကို ကြိုးဖြင့်ချည်ပြီး ခေါ်သွားချိန်တွင် တပ်ပေါင်းစုအဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ရာမှ တပ်ပေါင်းစုထံ ထွက်ပြေး ရောက်ရှိလာခြင်းဖြစ်သည်ဟု ပြောသည်။

----->>>> အပြည့်အစုံသို့......

6/09/2552

ပအိုဝ်းကျေးရွာလူထုများကို နအဖစစ်တပ်မှ ဖြတ်လေးဖြတ်ပြုလုပ်နေ

၇- ၆- ၂၀၀၉ ရက်နေ့တွင် ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၃ တပ်ရင်းမှ တပ်ရင်းမှူးဇော်နိုင် ဦးစီး သောစစ်ကြောင်း(၁)၊ ဒု-တပ်ရင်းမှူးဝေလင်းအောင် ဦးစီးသောစစ်ကြောင်း(၂)၊ ခမရ ၄၂၄ တပ်ရင်းမှ တပ်ရင်း မှူးချစ်သန်း ဦးစီးသောစစ်ကြောင်း(၁)၊ ဒု-တပ်ရင်းမှူးသန်းကျော် ဦးစီးသောစစ်ကြောင်း(၂) သည် ဆီဆိုင်မြို့နယ် လွယ်ဆောင်(တောင်)ရွာ၊ ထီနဲ့ရွာ ပန်တခွါးရွာရှိကျေးရွာသူ/သားများနှင့် မောက်မယ်မြို့နယ် ဗန်းမတ်အုပ်စု ပန်သခွါးရွာရှိ ရွာသူ/သားများကို အတင်းအဓမ္မမောင်းထုတ်နေကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပအိုဝ်းရောင်း ကို ယခုလိုပြောပြပါသည်။
ဗမာစစ်သားတွေက ကျနော်တို့ရွာတွေကို ဒီမှာမနေရဘူး ဒီမှာဆက်နေရင် မင်းတို့ရွာတွေကိုမီးရှို့ပစ်မယ် တစ်ခြားနေရာမှာသွားနေလို့ ပြောပါတယ်ဗျာ ကျနော်တို့လည်း မပြောင်းချင်ဘူး ဒီမှာက တောင်ယာတွေ စိုက်သူကလည်းရှိတယ် ခုတ်ရှင်းနေသူတွေလည်းခုတ်နေပြီးပြီ တစ်ခြားနေရာမှာနေရင် ဘာလုပ်စားမှာလဲလို့ ပြောလည်းမရဘူး ရွာသူကြီးနှင့် ရွာကော်မတီများကိုဖမ်းတယ် ရိုက်တယ်လုပ်တော့ကျွန်တော်တို့လည်းပြောင်း လိုက်ရတယ်ခင်ဗျာ ဟုဆီဆိုင်မြို့သို့ပြောင်းနေသူ ကပြောပါသည်။
တစ်ခြားရွာတွေလည်းပြောင်းခိုင်းတယ်ခင်ဗျာ အများကြီးဘဲ တစ်ချို့ကတော့ သူ့ဆွေမျိုးတွေရှိတဲ့ ရွာ တွေမှာပြောင်းကြတယ် မပြောင်းလို့မရဘူး ခြံလည်းပေးမသွားဘူး ဈေးလည်းပေးမသွားဘူး ရွာအပြင်ဘက်ကို ထွက်ခွင့်မပေးဘူး ဖြတ်လေးဖြတ်လုပ်တယ်ပေါ့ဗျာ ရွာအပြင်ထွက်ဒါတွေ့ရင် ပစ်သတ်မယ်လို့ ဗမာစစ်တပ်တွေ ကပြောတယ် ဟု သူကဆက်ပြောပြပါသည်။
ယခုလို နအဖတပ်မှကျေးရွာနေလူထုများကို အတင်းအဓမ္မရွှေ့ပြောင်းခိုင်းနေသည့်အကြောင်းရင်းမှာ သူပုန်တွေခိုအောင်းနေသည့်အမာခံရွာတွေ ဟု စွပ်စွဲခြင်းဖြစ်ပြီး ထိုဒေသတွင် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ နှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) တို့လှုပ်ရှားနေကြောင်းသိရှိရပါသည်။

----->>>> အပြည့်အစုံသို့......

6/08/2552

ဗမာစစ်အစိုးရတပ်မှ ပအိုဝ်းဒေသရှိကျေးရွာလူထုများကို ပစ်သတ်

၂- ၆- ၂၀၀၉ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ဗန်းမတ်အုပ်စု၌ နအဖတပ်မှ ခမရ ၄၂၁ တပ်ရင်း ဒု-တပ်ရင်းမှူးရဲထွဋ် ဦးစီးသော အင်အား (၂၀) ကျော်ရှိစစ်ကြောင်းမှ ကျေးရွာအုပ်စုဥက္ကဌ အပါအဝင် လူ(၆) ယောက်ကိုပစ်သတ်ပြီး ရွာထဲရှိပစ္စည်းများကို လုယူသွားပါသည်။

ထိုအကြောင်းနှင့်ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ဇွဲထိုက ယခုလိုပြောပြပါသည် ဗန်းမတ်အုပ်စုမှ အုပ်စုဥက္ကဌ ဦးခွန်ရွှေဝင်း၊ ရွာဥက္ကဌဦးခွန်ကျဲ၊ ရွာကော်မတီ ဦးဘော်ရယ်၊ ထီတဖြေရွာမှ ဦးခွန်သန်း နှင့် ခရုံးချားရွာကော်မတီနှစ်ဦး (အမည်စုံစမ်းဆဲ)တို့ကို သူပုန်နှင့် အဆက်အသွယ်ရှိ တယ် သူပုန်တွေရဲ့အမာခံဟုစွပ်စွဲပြီးတော့ ၂- ၆- ၂၀၀၉ ရက်နေ့မှာ ခမရ ၄၂၁ မှ ဒု-တပ်ရင်းမှူးရဲထွဋ် ဦးစီးစစ် ကြောင်း(၂)က စစ်ဆေးမေးမြန်ရင်းနှင့် ပစ်သတ်သွားတယ်ဟု ပြောပါသည်။
အဆိုပါ ခမရ ၄၂၁ ဒု-တပ်ရင်းမှူးရဲထွဋ် ဦးစီးသောစစ်ကြောင်းသည် ရွာသားပစ္စည်းများ နှင့် ဆန် ၁၀ အိတ်ကျော်ကိုလည်းယူဆောင်သွားကြပြီး ဆန်များကို ဗန်းမတ်ရွာအနီးရှိ နားဟီးရွာတွင်သွားရောင်းခဲ့ကြသည်။ ထိုဒေသရှိရွာသားများကိုလည်း တောင်ယာလုပ်ကိုင်ခွင့်မပေး၊ ရွာပြင်မထွက်ရဟု အမိန့်ထုတ်ထားသည့် အတွက် ရွာသားများစားဝတ်နေရေးအခက်အခဲကြုံတွေ့ပါတယ် ဟု သူကဆက်ပြောပါသည်။

----->>>> အပြည့်အစုံသို့......

6/02/2552

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်နန္ဒားဟိန် အတ္ထုပ္ပတ္တိ

----->>>> အပြည့်အစုံသို့......

ဖြားဗွာ ဦးလှဖေ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်

----->>>> အပြည့်အစုံသို့......